
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲသည် စားသုံးသူများအား ဘေးအန္တရာယ်ကင်း ရှင်းရေး၊ ကျန်းမာရေးစိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေး မြင့်မားသည့်ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြနိုင်စေရန် စားသုံးသူ ကာကွယ်ရေးဥပဒေပါ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ ကုန်အညွှန်းအမှတ်အသားများ စိစစ်ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက် အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အချက်အလက်များအား ပြည့်စုံစွာပါဝင်မှုရှိ/မရှိ စိစစ်ပေးခဲ့ရာ ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ခုနှစ် ဇွန်လအထိ လုပ်ငန်းရှင် (၁၈၈)ဦးမှ လာရောက်လျှောက်ထားသော စားသောက်ကုန်(၆၂၇)မျိုး၊ လူသုံးကုန်(၁)မျိုး၊ အလှကုန်(၁)မျိုးနှင့် ဖြည့်စွက်စာ(၁)မျိုး စုစုပေါင်း(၆၃၀)မျိုးအား ကုန်အညွှန်း အမှတ်အသားများ စိစစ်ခွင့်ပြုပေးခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(မန္တလေး)