စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းပြီး ထုန်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြုဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားမှုအခြေအနေနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၉.၈.၂၀၂၂ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် မိုးညှင်းမြို၊ နားခါရပ်ကွက်၊ မြို့မရပ်ကွက်ရှိ လက်လီ၊လက်ကားကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စည်အုပ်စု(၈)ခုအနက် အသင့်စားမုန့် အမျိုးမျိုးတွင်ပါဝင်သည့် ပြည့်ကမ္ဘာအမှတ်တံဆိပ်(နို့ကိတ်)၊ Cartoon အမှတ်တံဆိပ်(နို့စိမ်းရှယ်ကိတ်ခြောက်) နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးပါဝင်သည့် မြဘုရင်အမှတ်တံဆိပ်(နို့ဆီမလိုင်ပြည့်)တို့အား ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အရ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများဖြစ်သည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ပြည့်စုံစွာဖော်ပြထားရှိခြင်း ရှိမရှိအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

DOCA(ကချင်)