
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၇.၇.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ မုန့်ဟင်းခါးဖတ်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ အမှတ်(၇)ရပ်ကွက်ရှိ မုန့်ဟင်းခါးဖတ်လုပ်ငန်းတွင် ထုတ်လုပ်လျက်ရှိသော မုန့်ဟင်းခါးဖတ်များအားကုန်အညွှန်းပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ပါဝင်ပစ္စည်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနမှခွင့်ပြုထားသော ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် မုန့်ဟင်းခါးဖတ်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA( ဧရာဝတီ)