ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်းတွင် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးမှု ပြုလုပ်ခဲ့

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းနှင့် ဝန်ထမ်းများသည် ဩဂုတ်လ(၄)ရက်၊ နေ့လည်(1) နာရီအချိန်၌ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းရှင်များအသင်း(ရှမ်း/မြောက်ဇုန်)မှ ကြီးမှူးကျင်းပဖွင့်လှစ်လျက်ရှိ သော “ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်း တွင် စားသုံးသူကာကွယ်ရေးနှင့် ပါတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပါသည်။

       ဒုတိယပြည်နယ်ဦးစီးမှူးဦးဇော်မင်းသန်းမှ “ ကုန်အညွှန်းအမှတ်အသားနှင့်ဝန်ဆောင်မှုအကြောင်း ”ကို အဓိကဆွေးနွေးပို့ချခဲ့ပြီး ကုန်စည်ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချပါက ကုန်ပစ္စည်းပေါ်တွင် ဖော်ပြရန်လိုအပ်မည့်အချက်များ၊ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အချက်များကိုလည်း အသေးစိတ်ဆွေးနွေးခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။ သင်တန်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ (လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မူဆယ်၊ လောက်ကိုင်၊ ကွတ်ခိုင်၊ ဟိုပန်၊ တန့်ယန်းမြို့)မှ ဟိုတယ်ဝန်ထမ်း (၁၇၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)