
ညောင်တုန်း မြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် ရောင်းချနေသည့် ကျောက်မုန့်ဈေးတန်း အစားအသောက်ဘေး အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစီမံချက်ကာလကို ရေးဆွဲ၍ ကျောင်းဖွင့်ရာသီများတွင် လစဉ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း တို့ပူးပေါင်း၍ ညောင်တုန်းမြို့နယ် အ.ထ.က.-၂ ကျောင်းမုန့်ဈေး တန်းကို ၇-၇-၂၀၂၅ နေ့လယ် ( ၁၂:၁၅) နာရီက စစ်ဆေးခဲ့ကြသည်။
စစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရူံးမှ ဒေါ်ချိုမီဇင် က ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသည့် မုန့်များတွင် FDA တံဆိပ် ထောက်ခံချက် ပါမှသာ ရောင်းချခွင့်ပြုသွားရန်၊ ဈေးတာဝန်ခံများကိုမှာကြားပြီး၊ အန္တရာယ်ရှိသည့် ဓာတုဗေဒဆိုးဆေးများ ပါဝင်သည့် အစားအသောက်များ ရောင်းချနေမှုမရှိစေရန် ကြပ်မတ်ဆောင်ရွက်ရန်ကို လည်းကောင်းအသိပေးပြောကြားခဲ့ပြီး၊ မုန့်ဈေးတန်းပတ်ဝန်ကျင်သန့်ရှင်ရေးကို အထူးဂရုပြုရန်မှာကြားခဲ့ပြီး အ.ထ.က.-၂တွင် ရောင်းချနေသော လေဖောင်းမုန့်များ၊ အချို ရည်ဗူးများ၊ ပေါင်မုန့်မျိုးစုံနှင့် ဝေဖာချောင်းများတွင် စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဌာန်းထား သည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ ကိုက်ညီပြည့်စုံမှုရှိပြီး မြန်မာ့ရိုးရာ မုန့်များကိုလည်း ရောင်းချကြောင်းစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
DOCA(ဧရာဝတီ)