တောင်ငူမြို့နယ် မူလွန်၊ တောင်ကွေ့ဈေးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် တောင်ငူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံး/ထုတ်လုံ တာဝန်ခံ ဦးမင်းဇော်နှင့်အတူ ဩဂုတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းက တောင်ငူမြို့ တောင်ကွေ့ဈေး အခြေခံပညာမူလတန်းလွန် ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

              ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဌာနမှ ဆောင်ရွက်နေမှုများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်မှုများ၊ ဈေးကွက်အတွင်း ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများကို ရှင်းလင်းဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၈၇ ဦး တက်ရောက်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)