
နီပေါနိုင်ငံသည် ၂၀၂၅ ခုနှစ်၏ ၆ လတာကာလအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၅၇၇၆၈၉ ဦး လာရောက်လည်ပတ်ခဲ့ကြပြီး ယမန်နှစ်အလားတူကာလကထက် ၀.၉၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း နီပေါခရီးသွားဘုတ်အဖွဲ့၏ ဇူလိုင်လ ၂ ရက်နေ့ပြောကြားချက်အရသိရသည်။
၂၀၂၄ ခုနှစ် ၆ လတာကာလအတွင်း နီပေါနိုင်ငံသို့ နိုင်ငံခြားခရီးသွား ဧည့်သည် ၅၈၃၀၁၆ ဦး လာရောက်လည်ပတ်ခဲ့သည်။
ခရီးသွားလုပ်ငန်းသည် နီပေါနိုင်ငံအတွက် အဓိက နိုင်ငံခြားငွေရရှိရာရင်းမြစ်ဖြစ်ပြီး အလုပ်အကိုင်ပေါင်းများစွာကိုလည်းဖန်တီးပေးခဲ့ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)