ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေးအတွက် လာမည့် ၅ နှစ်အတွင်း မြှင့်တင်ဆောင်ရွက်သွားမည် အင်ဒိုနီးရှား

Powered by Drupal
ရင်းနှီးမြှုပ်နှံမှုညှိနှိုင်းရေး ဘုတ်အဖွဲ့၏ လက်ထောက်အကြီးအကဲလည်းဖြစ်သည့် အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုနှင့် မြစ်အောက်စက်မှု လက်ထောက်ဝန်ကြီး Todutua Pasaribu က အင်ဒိုနီးရှား အစိုးရသည် လာမည့်ငါးနှစ်အတွင်း ရူပီယာပေါင်း ၁၃၀၀၀ ထရီလီယံ (အမေရိကန်‌ဒေါ်လာ ၈၀၂.၁ ဘီလီယံခန့်) ရင်းနှီးမြှုပ်နှံရန်ရည်မှန်းထားကြောင်း ဇူလိုင်လ ၃ ရက်နေ့တွင်ပြောကြားခဲ့သည်။ ထိုရည်မှန်းချက်မှာ ကြီးမားသော်လည်း ကျယ်ကျယ်ပြန့်ပြန့်ကြိုးပမ်းဆောင်ရွက်မှုများနှင့် သက်ဆိုင် သူ အသီးသီးတို့၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ‌အောင်မြင်နိုင်သည်ဟု Pasaribu မှ ဆက်လက်ပြော ကြားခဲ့သည်။ “လာမည့်ငါးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု အကောင်အထည်ဖော်ရေးတွင် ရူပီယာ ၁၃၀၀၀ ထရီလီယံအထိ ရည်မှန်းထားသည်” ဟု ၎င်းက ဂျာကာတာတွင် ပြောကြားခဲ့သည်။ ထိုရည်မှန်းချက် သည် စီးပွားရေးတိုးတက်မှု ၈ ရာခိုင်နှုန်းကို ပံ့ပိုးပေးရန် သမ္မတ Prabowo Subianto ၏ ညွှန်ကြားချက်နှင့် ကိုက်ညီသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။ Source : Xinhua DOCA(ရန်ကုန်)