အုတ်တွင်းမြို့နယ် ကျွဲပွဲဈေးတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် နှင့် ဌာနခွဲစာရေးဦးအောင်ဝင်းတို့သည် ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ စည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိသော သွားတိုက်ဆေးများတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက်စောင့် ကြည့် စစ်ဆေးခဲ့ပါသည်။

              စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၃ တွင် ကုန်စည်များ၌ မြန်မာဘာသာဖြင့် ကုန် အညွှန်းအမှတ်အသားများ ဖော်ပြရန် ပြဌာန်းထားရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် သည် စီးပွားရေးလုပ်ငန်းရှင်များက ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရန်အတွက် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကို ထုတ်ပြန်ပေးခဲ့ပါသည်။

              အုတ်တွင်းမြို့နယ် ကျွဲပွဲဈေးအတွင်း ရောင်းချနေသော သွားတိုက်ဆေးများတွင် မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ မြို့နယ်တာဝန်ခံက ကုန်စုံဆိုင်များအနေဖြင့် သတ်မှတ်ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာ ဖော်ပြသည့် ကုန်စည်များကို ရောင်းချခြင်းဖြင့် စားသုံးသူကာကွယ်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ကြပါရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)