စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၉.၈.၂၀၂၂) ရက်နေ့ (၂း၀၀) နာရီအချိန်၌ မုံရွာမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိညာပေး ဟောပြောပွဲ ဆောင်ရွက်ရာ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်း (၉)ဦး ၊ သင်တန်းသား (၆) ဦး စုစုပေါင်း (၁၆)ဦး တက်ရောက်ခဲ့ပါသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခိုင်ခိုင်မိုးက ယခုလိုလာရောက်ဟောပြောပေးပါသော စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိ အရာရှိများနှင့် ဝန်ထမ်းများကိုကျေးဇူးတင်ရှိပါကြောင်း၊ စားသုံးသူများ၏အခွင့်အရေးနှင့် လုပ်ငန်း ဆောင်ရွက်မှုများကိုသိရပါ၍ ဗဟုသုတရရှိပြီး သင်တန်းသားများအနေဖြင့် တစ်လတစ်ခါ အပြောင်း အလဲရှိပါသောကြောင့် စားသုံးသူအကြောင်းသိကောင်းစရာများကို လာရောက်ဟောပြောပေးပါရန် ဖိတ်ကြားပါကြောင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က စီးပွား/ကူးသန်းဝန်ကြီးဌာန ဖွဲ့စည်းဆောင်ရွက်မှုအခြေအနေ၊ ဌာန၏ ဆောင်ရွက်မှုလုပ်ငန်းမျာအကြောင်း၊ တိုင်ကြားမှုညှိ့နှိုင်းဖြေရှင်းပုံအဆင့်ဆင့်၊ မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မှုများအကြောင်း ဟောပြောဆွေးနွေးခြင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်ခိုင်မို့မို့က စားသုံးသူကာကွယ်ပေးရေးဥပဒေကို၂၀၁၉ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး နည်းဥပဒေကို ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းမပြုမီဂရုပြုရမည့် အချက်များနှင့် လိမ်လည်လှည့်ဖျားခြင်းမခံရရေး သတိပြုရန်အချက်များကို ဟောပြောဆွေးနွေးခြင်းများကိုဆောင်ရွက်ပြီး ဌာန၏ပညာပေးလက်ကမ်းစာဆောင်များ ဖြန်ဝေခဲ့ပါသည်။
DOCA(စစ်ကိုင်း)