
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး ခရိုင်ဦီးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦီးစီးအရာရှိနှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ရမည်းသင်းမြို့နယ်ရှိ လည်သာကျေးရွာအုပ်စု၌ စားသုံးသူပြည်သူများအား စားသုံးသူကာ ကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ရမည်းသင်းမြို့နယ်တာဝန်ခံ ဦီးစန်းအောင်(ဒု-တိယဦီးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊တာဝန်များ၊ ကုန်စည်(သို့) ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍အာမခံချက်များအပေါ် စားသုံးသူမှတောင်းဆိုနိုင်သည့်အချက်များ၊ စားသုံးသူပြည်သူများ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ် ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသား နှင့်စပ်လျဉ်းသည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)နှင့် Consumer Call Center (1535) သို့ ဆက်သွယ်နိုင်တိုင်ကြား နိုင်သည့်နည်းလမ်းများကိုအကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီးတက်ရောက် လာသူများမှလည်းသိရှိလိုသည်များ မေးမြန်းခဲ့ရာတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရပါသည်။
DOCA(မန္တလေး)