ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူ များ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များ သုံးစွဲနိုင်ရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းလုပ်ငန်းအား လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-ခုနှစ် ဇူလိုင်လ(၁၀)ရက်နေ့တွင် ကသာခရိုင်ဦးစီး မှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးသည် ကသာမြို့ပေါ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကုန်မျိုးစုံ ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်(၁)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ကုန်စုံဆိုင်တွင် ရောင်းချလျက်ရှိသည့် အသင့်ဖျော် ကော်ဖီ/ လက်ဖက်ရည် ထုတ် အမျိုးမျိုး၊ အသင့်စားအစားအစာအမျိုးမျိုး၊ အချိုရည်အမျိုးမျိုးနှင့် သွားတိုက်ဆေး စသည့် လူသုံး ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ ကုန်စည်အလိုက်မဖြစ်မနေ ထည့်သွင်း ဖော်ပြရမည့်အချက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် ကုန်စည်များတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံ ချက်များ ပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ရောင်းချသူဆိုင်ရှင်အား ကုန်အညွှန်း အမှတ် အသားနှင့် သက်ဆိုင်ရာ ဌာနထောက်ခံချက်ပြည့်စုံစွာ ပါဝင်ခြင်းမရှိသော ကုန်စည်များမှာ စားသုံးသူ များအား ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ရောင်းချခြင်းမပြုရန်နှင့် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ စားသုံးရန်မသင့်ဟု တရားဝင်ထုတ်ပြန်ထားသော စားသောက်ကုန်များ၊ သက်တမ်းလွန်စားသောက်ကုန်များကိုလည်း ရောင်းချခြင်းမပြုရန် မှာကြားခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)