
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဂျပန်နိုင်ငံ အိုဆာကာ၌ ကျင်းပသည့် World Expo အား တက်ရောက်ရန် သမ္မတ ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင်လ ၉ ရက်နေ့က ကြေညာခဲ့သည်။
အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent သည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည်ဖြစ်သည်။
“Designing Future Society For Our lives” ဟူသော ခေါင်းစဉ်ဖြင့် ကုန်စည်ပြပွဲအား ယခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့ အထိ ဂျပန်နိုင်ငံ အိုဆာကာရှိ Yumeshima ကျွန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Source : Xinhua
DOCA(ရန်ကုန်)