
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း တာဝန်တစ်ရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို သက်ဆိုင်ရာနယ်ပယ်အသီးသီး အလိုက် ဟောပြောဆောင်ရွက်လျက်ရှိရာ (၇-၇-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ချမ်းအေးသာစံမြို့နယ်၊ အ.ထ.က(၂၂)ရှိ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦး တို့အား စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သော အသိပညာပေးဟောပြောခြင်း ဆောင်ရွက် ခဲ့ပါသည်။
စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံး၊ဒေါ်ဖြူသဲနွယ်(လက်ထောက်ညွှန်ကြားရေးမှူး)မှ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူ ရေးရာဌာနခွဲရှိ ဦးတင်ချစ်ကောင်း (ဦးစီးအရာရှိ)မှ စားသုံးသူကာကွယ်ရေးနှင့်ဥပဒေပေါ်ပေါက်လာပုံ၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန် များ၊ စားသုံးသူတိုင်ကြားမှုအပေါ် ဦးစီးမှူးရုံးမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့မှုအခြေအနေများကို ဟောပြောဆွေးနွေးခြင်း၊စားသုံးသူဌာနခွဲတာဝန်ခံ ဒေါ်မေသက်ထွန်း (ဦးစီးအရာရှိ) မှ ကျောင်းသား/ ကျောင်းသူများမှ သိရှိလိုသည်များအား ပြန်လည်ဖြေကြားခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဦးမျိုးထွန်း (ဦးစီးအရာရှိ) မှ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့် ပတ်သက်သော အကြောင်းအရာများနှင့် ဥပဒေပါတားမြစ်ချက်များကို ကျူးလွန်ဖောက်ဖျက်ပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အသီးသီးဟောပြောဆွေးနွေးမှုများအား သိရှိခဲ့ရပါသည်။
DOCA(မန္တလေး)