မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ပညာရေးကောလိပ်ရှေ့၊ မဟာကျော်လမ်း၊ မကျီးကုန်း ကွက်သစ်၊ အောင်ဆန်းရပ်၊ မိတ္ထီလာမြို့၌ “ခင်မြန်မာ”အမှတ်တံဆိပ် ဆပ်ပြာလုပ်ငန်း ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်သည် ၎င်း၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်း အမှတ်အသားများတွင် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန် ၂၀၂၂ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံမှုအရ “ခင်မြန်မာ” အမှတ်တံဆိပ်ဆပ်ပြာလုပ်ငန်းတွင် ဆန်ဆပ်ပြာ ၊ မျက်နှာနှင့်ခန္ဓာကိုယ်ချေးချွတ်ဆပ်ပြာ၊ သခွားကော်လဂျင် ရေချိုးဆပ်ပြာရည်၊ မန်ကျည်းကရမက်ရေချိုး ဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည်စသည့် ကုန်စည်များကို မိသားစုထုတ်လုပ်ကြောင်း၊ မိတ္ထီလာမြို့ အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးမှ လူသုံးကုန်ပစ္စည်း အမျိုးမျိုးတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်း အမှတ်သားများအား ပြည့်စုံစွာဖော်ပြရန် အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာ (၂/၂၀၁၉)နှင့်အညီ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျှက်ရှိစေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး လိုအပ်ချက်များကို ပြင်ဆင်ဖြည့်စွက်ပေးခဲ့ပြီး လုပ်ငန်းရှင်မှ ဌာနသို့စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပါသည်။
DOCA(မန္တလေး)