ညောင်ဦးမြို့နယ်တွင် စက်သုံးဆီလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းအစည်းအဝေးအား(၈.၈.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့ ညောင်ဦးမြို့နယ် အတွင်းရှိ စက်သုံးဆီရောင်းချသူများအသင်း ဥက္ကဌနှင့်အတူ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိသူများ စုစုပေါင်း(၁၆)ဦး တက်ရောက်ခဲ့ပါသည်။

          စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းအစည်းအဝေးတွင် စားသုံးသူရေးရာဦး စီးဌာန၊ညောင်ဦးခရိုင်ဦးစီးမှူးမှ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ထား သောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ စက်သုံးဆီအရေအသွေးနှင့်အချိန်အတွယ်ပြည့်မီမှန်ကန်စေ ရေး၊စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး စသည့်ရည်ရွယ်ချက်ဖြင့် အစည်းအဝေးခေါ်ယူခဲ့ခြင်းဖြစ် ကြောင်းအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက်စက်သုံးဆီလုပ်ငန်းရှင်များမှ တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကာ စက်သုံးဆီရောင်းချသူများအသင်း ဥက္ကဌ ဦးဆန်းဦးမှ စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ပါသည်။ဆက်လက်၍ လုပ်ငန်းရှင်များမှ မိမိ တို့အနေဖြင့် PPRD မှသတ်မှတ်သောဈေးနှုန်းများဖြင့် ရောင်းချပါကြောင်း၊ ဆီများဝယ်ယူရာတွင် ဆီခွဲတမ်းများနည်း၍ စုပေါင်းသယ်ယူရသောကြောင့် အချိန်နေ့ရက်များ ကြန့်ကြာမှုအနည်းငယ်ရှိ ကြောင်း၊စားသုံးသူများ အဆင်ပြေပြေဝယ်ယူသုံးစွဲနိုင်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း စသည်ဖြင့် တင်ပြဆွေးနွေးခဲ့ကြပါသည်။ထို့နောက် ခရိုင်ဦးစီးမှူးမှ လိုအပ်သည်များကို ပြန်လည်ဆွေးနွေးကာ စက်သုံးဆီလုပ်ငန်းရှင်များအနေဖြင့် ရည်ညွှန်းဈေး၊အချိန်အတွယ်၊အရည်အသွေး စသည်တို့မှန်ကန်စေရေးနှင့်ဆီပြတ်လပ်မှုမရှိစေရေးတို့အား ဆွေးနွေးခဲ့ပြီး အစည်းအဝေးအား (၁၁:၃၀) နာရီအချိန် တွင်ပြီးစီးခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)