အမေရိကန်ဆန်များကို အခွန်သက်သာခွင့်ခွဲတမ်းအောက်၌ တိုးမြှင့်တင်သွင်းမည်ဟု ဂျပန်အစိုးရ ပြောကြား

Powered by Drupal

    ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံထံမှ ဆန်များကို ပိုမိုတိုးမြှင့်တင်သွင်းမည်ဖြစ်သော် လည်း လက်ရှိကျင့်သုံးနေသည့် အကောက်ခွန်မဲ့ တင်သွင်းခွင့်ခွဲတမ်း သတ်မှတ်ချက်ထက် ကျော် လွန်လိမ့်မည်မဟုတ်ကြောင်းနှင့် နှစ်နိုင်ငံကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းရာ၌ ပြည်တွင်းစိုက်ပျိုးရေး ကဏ္ဍကို အကာအကွယ်ပေးနေဆဲဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba က ၂၃-၇-၂၀၂၅ ရက်နေ့တွင် အလေးပေးပြောကြားခဲ့ပါသည်။

    နှစ်နိုင်ငံအကြား လအတန်ကြာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ဂျပန်ပို့ကုန်များ အပေါ် အပြန်အလှန်အကောက်ခွန် ၂၅ ရာခိုင်နှုန်းစည်းကြပ်မည်ဟု အမေရိကန်၏ အဆိုပြုထားမှု မှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး အမေရိကန်မှ ဂျပန်နိုင်ငံသို့ ဆန်တင်ပို့မှု တိုးမြှင့်ခြင်းသည် အဆိုပါသဘောတူညီမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ကြောင်း သိရှိရပါသည်။

    ၁၉၉၅ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အနိမ့်ဆုံး အဆင့် ဈေးကွက်ဝင်ရောက်ခွင့် (Minimum Access) မူဘောင်အရ ဂျပန်နိုင်ငံသည် နှစ်စဉ် ဆန် မက်ထရစ်တန်ချိန် ၇၇၀,၀၀၀ ကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုလျက်ရှိသည်။ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံ၏ စုစုပေါင်းဆန်တင်သွင်းမှု၌ အမေရိကန်မှ ၄၅% ပါဝင်ခဲ့ သည်။

    မိမိတို့အနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် စွန့်လွှတ်အနစ်နာခံမှု လုံးဝမပြုလုပ်ခဲ့ကြောင်း၊ ဆန်သွင်းကုန်ပမာဏသည် အနိမ့်ဆုံးအဆင့် ဈေးကွက်ဝင်ရောက်ခွင့် မူဘောင်အတွင်း၌ ရှိနေမည် ဖြစ်ပြီး နိုင်ငံတစ်ခုချင်းထံမှ တင်သွင်းမည့် ဆန်အမျိုးအစားနှင့် ပမာဏမည်မျှ တင်သွင်းမည်ကို ဆုံးဖြတ်ပိုင်ခွင့်အား ဆက်လက်ထိန်းသိမ်းထားကြောင်း Mr. Ishiba က သတင်းထောက်များသို့ ပြောကြားခဲ့ပါသည်။

    ဇူလိုင် ၂၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့၌  ကုန်သွယ်ရေးသဘောတူညီမှု ရရှိချက်ကို ထုတ်ပြန်ကြေငြာရာတွင် ဂျပန်နိုင်ငံသည် အမေရိကန်မှထုတ်လုပ်သော မော်တော် ကားများ၊ ကုန်တင်ယာဉ်များ၊ ဆန်နှင့် စိုက်ပျိုးရေးထွက်ကုန်များ အပါအဝင် အခြားပစ္စည်းများကို စျေးကွက်ဝင်ရောက်ခွင့် တိုးမြင့်ပေးမည်ဖြစ်သည်ဟု  သမ္မတ Donald Trump က ဂုဏ်ယူစွာ ပြော ကြားခဲ့ပါသည်။

    အဆိုပါ သဘောတူညီချက်၌ မည်သည့် အခြားသောလယ်ယာထွက်ကုန်များ ပါဝင်မှုရှိသည် ကို နှစ်နိုင်ငံလုံးက ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း သဘောတူညီမှုတွင် အခွန်လျှော့ချ ခြင်း မပါဝင်ကြောင်း Mr. Ishiba က ပြောကြားခဲ့သည်။

    ဂျပန်နိုင်ငံသည် သွင်းကုန်ပမာဏ အနိမ့်ဆုံးအဆင့် ဈေးကွက်ဝင်ရောက်ခွင့် မူဘောင်ကို ကျော်လွန်၍ တင်သွင်းလာသည့် ဆန်များအတွက် တစ်ကီလိုဂရမ်လျှင် ၃၄၁ ယန်း (အမေရိကန် ဒေါ်လာ ၂.၃၆) နှုန်း အခွန်စည်းကြပ်မည်ဖြစ်ပြီး ထိုသို့ လုပ်ဆောင်ခြင်းက ပြည်ပမှတင်သွင်းလာ သောဆန်ကို ဈေးကွက်တွင် ရောင်းချနိုင်ခြင်း မရှိစေရန် ဈေးနှုန်းအရ ထိရောက်စွာ ထိန်းကျောင်း နိုင်ကြောင်း၊ ဂျပန်နိုင်ငံ၏ ကိုယ်ပိုင်ထုတ်လုပ်မှုဖြင့် ဆန်ဖူလုံမှုအရ ယင်းသို့ ဆန်တင်သွင်းမှုသည် ပုံမှန်အားဖြင့် မပြောပလောက်သော်လည်း ယခင်နှစ်တွင် ပြည်တွင်းထုတ်ဆန်ပြတ်လပ်မှုကြောင့် ဈေးနှုန်းများ မြင့်တက်လာပြီး သမိုင်းဝင်အဖြစ် ပမာဏများစွာ တင်သွင်းခဲ့ရကြောင်း သိရပါသည်။

Source: Free Malaysia Today, 23 Jul 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)