ကမ္ဘောဒီးယားသည် ပတမနှစ်ဝက်တွင် အကောက်ခွန်ဝင်ငွေ ဒေါ်လာ ၁.၄၇ ဘီလီယံ ရရှိ

Powered by Drupal

    ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် အကောက်ခွန်ဝင်ငွေ ကန် ဒေါ်လာ ၁.၄၇ ဘီလီယံ ကောက်ခံရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၁ ရာခိုင်နှုန်း တိုးလာကြောင်း အကောက်ခွန်နှင့် စည်းကြပ်မှုဦးစီးဌာန (GDCE) က ၁၁-၇-၂၀၂၅ နေ့တွင် ထုတ်ပြန်ခဲ့သည်။ GDCE သည် ၂၀၂၅ ခုနှစ်အတွက် ချမှတ်ထားသော ဝင်ငွေရည်မှန်းချက်၏ ၅၈.၆ ရာခိုင်နှုန်းအထိ ရရှိခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် Kun Nhem က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဇွန်လအတွင်း အကောက်ခွန် ဝင်ငွေ စုစုပေါင်း၏ ၃၆.၂ ရာခိုင်နှုန်းသည် မော်တော်ယာဉ်နှင့် စက်ယန္တရားများမှဖြစ်ပြီး လူသုံးကုန် ပစ္စည်းများမှ ၃၂.၂ ရာခိုင်နှုန်း၊ ရေနံထွက်ပစ္စည်းများမှ ၂၃.၇ ရာခိုင်နှုန်းနှင့် ဆောက်လုပ်ရေး သုံးပစ္စည်းများမှ ၇.၉ ရာခိုင်နှုန်းတို့ အသီးသီးရရှိခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

Source: Khmer Times

DOCA(ရန်ကုန်)