စက်သုံးဆီဆိုင်များ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၀၂၅ခုနှစ် ဇူလိုင်လ (၄)ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် ရွှေဘိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုကြီးကြပ်နှင့် စစ်ဆေးရေး ဦးစီးဌာန ပါဝင်သော အဖွဲ့သည် ရွှေဘိုမြို့ရှိ စက်သုံးဆီဆိုင်များ၏ ဆီကားရောက်ရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင်  စက်သုံးဆီဆိုင်များ ဆီ (Bowser)ယာဉ်များ သယ်ယူရာတွင် အဆင်ပြေ ချောမွေ့စေရေး၊ ရောက်ရှိလာသော စက်သုံးဆီများကို ဖြန့်ဖြူးရောင်းချရာတွင် မှန်မှန်ကန်ကန်ဖြစ်စေ‌ရေး၊ အလေးချိန် အချိန်အတွယ်မှန်ကန်စေရန်နှင့်  သတ်မှတ်ဈေးနှုန်း ဖြင့်သာ ရောင်းချစေရေး စသည့်လိုအပ်သည်များကို စစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ် အထူးဂရုပြု၍ ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)