
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် (၁၄.၇.၂၀၂၅)ရက်နေ့ မွန်းလွှဲ (၄း၀၀) နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆီအရောင်း ကိုယ်စားလှယ်ထံသို့ Kaung Hlyan New Asia Co.Ltd မှ ယာဥ်အမှတ်(9B-8875)၊ ယာဥ်အမှတ်(4G-2351)၊ မော်တော်ယာဥ်ဖြင့် စားအုန်းဆီ (၄၄) ပေပါ ရောက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါ စားအုန်းဆီများကို စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ သွားရောက် စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းစျေးအပေါ် သယ်ယူ ပို့ဆောင်ခ ကုန်ကျစရိတ် အမြတ်၂%တို့ဖြင့် လက်လီ/လက်ကားဆိုင်များသို့ ခွဲဝေရောင်းချ သွားမည်ဖြစ်ကြောင်း လက်လီအရောင်းကိုယ်စားလှယ်များကလည်း စားသုံးသူပြည်သူများထံသို့ အမြတ် ၂% ရယူ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ လှည့်လည် ရောင်းချ ပေးလျက်ရှိပါကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော လက်လီကိုယ်စားလှယ်များ ထံသို့ သိရှိရပါသည်။
DOCA(မွန်)