သထုံမြို့နယ်တာဝန်ခံမှ ဒေးဗရိန်းကျေးရွာရှိ စပါးစိုက်ပျိုးမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ၁၄.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းသည် ဒေးဗရိန်းကျေးရွာရှိ အုပ်ချူပ်ရေးမှူးနှင့်ပူးပေါင်း၍ စပါးစိုက်ပျိုးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

 ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သထုံမြို့နယ်၊ ‌ဒေးဗရိန်းကျေးရွာရှိ စပါးစိုက်တောင်သူ ဦးတင်နီကျော်အား တွေ့ဆုံမေးမြန်းရာ စပါးဧက(၃၀)စိုက်ပျိုးပြီး စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ ယခင်ထွက်ရှိနှုန်း၊ သွင်းအားစုသုံးစွဲမှုနှင့် ကုန်ကျစရိတ်အခြေအနေ၊ တောင်သူ အကျိုးအမြတ် ရရှိမှုအခြေအနေများအား ကွင်းဆင်းမေးမြန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 DOCA (မွန်)