
(၁၃.၇.၂၀၂၅) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး တို့သည် ဘီးလင်းမြို့နယ်၊ အနိုင်းပွန်ကျေးရွာ စပါးစိုက်ခင်း စပါးစိုက်ပျိုးထွက်ရှိမှု အခြေအနေ တို့အား ကွင်းဆင်းလေ့လာခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းလေ့လာခဲ့ရာတွင် ဘီးလင်းမြို့နယ်၊ အနိုင်းပွန်ကျေးရွာရှိ စပါးစိုက် တောင်သူ ဦးမြင့်စိုးအား တွေ့ဆုံမေးမြန်းရာတွင် စပါး(၂၀) ဧကခန့် စိုက်ပျိုးထားပြီး အဆင့်မြင့် မျိုးဖြစ်သည့် ပေါ်ဆန်း/တောင်ပျံမျိုးကို စိုက်ပျိုးထားပြီး တစ်ဧကလျှင် စပါး(၆၅)တင်းခန့် ထွက်ရှိကြောင်းနှင့် သွင်းအားစုသုံးစွဲမှုနှင့်ကုန်ကျစရိတ်အခြေအနေ၊ တောင်သူ၏ အကျိုးအမြတ် ရရှိမှုတို့အား မေးမြန်းခဲ့ရာ ယခုနှစ်သည် သွင်းအားစုစရိတ်များ အနည်းငယ်တက်လာသဖြင့် ကုန်ကျစရိတ် အနည်းငယ်တက်လာသော်လည်း အကျိုးအမြတ်ရရှိမှုမှာ တွက်ခြေကိုက်ကြောင်း လေ့လာ သိရှိရပါသည်။
DOCA (မွန်)