
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ သည် ၁၅.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်၊ ကျုံကဥယျာဉ်ခြံလုပ်ငန်း ဆောင်ရွက်မှုများကို သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှင်းလင်းဆောင်တွင် ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာ ဌာနခွဲ၊ ကျုံကဥယျာဉ်ခြံတာဝန်ခံအရာရှိ ဒေါ်ခင်ချိုလတ်က ခြံလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား power pointဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျုံကဥယျာဥ်ခြံစတင်တည်ထောင်ခဲ့သည်မှာနှစ်ပေါင်း(၅၀)ကျော်လွန်ခဲ့ပြီးစတင်ချိန်ကအုန်းမျိုးပွားခြံဖြစ် စတင်ခဲ့ပြီး ယခုအခါ ဒေသတွင်းဖြစ်ထွန်းသည့် မင်းဂွတ်၊ ကြက်မောက်၊ ဒူးရင်း သီးနှံများ အစားထိုးစိုက်ပျိုးပြီး မင်းဂွတ်သီးနှံ အဓိကစိုက်ပျိုးသည့်ခြံဖြစ်ကြောင်း၊ ဥယျာဉ်ခြံ သီးနှံမျိုးကောင်းမျိုးသန့်ပျိုးပင်များထုတ်လုပ်၍ တောင်သူလက်ဝယ်အရောက်ဖြန့်ဖြူးပေးရေး၊ သီးနှံပင်စိုက်ပျိုးထိန်းသိမ်းထုတ်လုပ်ရေး၊ တိုးတက်ပြောင်းလဲလာသောစိုက်ပျိုးနည်းစနစ်များ အား တောင်သူသိရှိနိုင်ရန်ပညာပေးလုပ်ငန်းများဆောင်ရွက်ကြစေရေး၊ ဥယျာဉ်ခြံလုပ်ငန်းများ အား အသုံးချသုတေသန (Apply Research) များနှင့် ပေါင်းစပ်၍ သုတေသနရလဒ်များအား တောင်သူလက်ဝယ်အရောက်ပညာပေးခြင်းလုပ်ငန်းများအား ကြိုးစားဆောင်ရွက်ကြစေလို ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
DOCA(မွန်)