
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားသည့် အခြေခံ/မွမ်းမံ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားအား ( ၁၀.၇.၂၀၂၅ ) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး သင်တန်းသား/သူ ( ၂၀ ) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကျော်စိုးတင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးထိုက်တန် ( ခရိုင်ဦးစီးမှူး ) မှ သင်တန်းဖွင့်လှစ်ရသည့် အကြောင်းအရင်းနှင့် အကျိုးကျေးဇူးများအား အကျယ်တဝင့် ပြောကြားခဲ့ပြီး သင်တန်းပို့ချရာတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများနှင့် အမျိုးအမည်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)