
(၁၁.၇.၂၀၂၅)ရက်နေ့၊ ညနေ(၁၆:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးခွန်ကျော်ဌေး(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် ရှမ်းပြည်နယ်အတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားသည့် အမှတ်(၂၇/၄)၊ ဈေးပိုင်းရပ်၊ တောင်ကြီးမြို့ရှိ Builders Luxury Company Ltd အား ကုမ္ပဏီတည်ထောင်ထား မှုနှင့်ပတ်သက်၍ အမှန်တကယ်လုပ်ငန်းဆောင်ရွက်မှုရှိ/မရှိအား မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်သီသီထွေး (ဦးစီးမှူး)မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အသစ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်ပုံစံတွင် စနစ် တကျဖြည့်သွင်း၍ မြေပြင်တွင် လုပ်ငန်းအမှန်တကယ်ရှိ/မရှိ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများမှတ်ပုံ တင်ရေးဦးစီးဌာန၏ ကုမ္ပဏီအမည်၊ ကုမ္ပဏီမှတ်ပုံတင်အမှတ်နှင့် ရက်စွဲတို့ကို မူရင်းဖြင့် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)