ပြည်ဈေးကွက်တွင် နှမ်းနီဈေးမြင့်တက်လာ

Powered by Drupal

        ပြည်ဈေးကွက်တွင် ဩဂုတ်လဒုတိယပတ်တွင် နှမ်းနီဈေးများ ဆက်လက်မြင့်တက်လာခဲ့ပြီး နှမ်းနက်နှင့်စမုံနက်နှမ်းမှာ ဇူလိုင်လနောက်ဆုံးပတ်ထက်စာရင် ဈေးကျလာခဲ့ပါသည်။ ပြည်ဈေး ကွက်သို့ ပန်းတောင်းဘက်မှ နွေနှမ်းများအဝင်ရှိသလို ရွှေတောင်ဘက်မှလည်း မိုးနှမ်းများနေ့စဉ် ဝင်ရောက်လျှက်ရှိပါသည်။ ဆီစက်လုပ်ငန်းရှင်များက နှမ်းနီကိုအဝယ်ရှိသဖြင့် နှမ်းနီဈေးမြင့် တက်လာသည်ဟု သိရပါသည်။ နှမ်းနက်နှင့် စမုံနက်နှမ်းကို မန္တလေး၊ အောင်လံနှင့် ရှမ်းပြည်နယ် လားရှိုးဘက်မှ အဝယ်ရှိသဖြင့် တစ်နေ့လျှင် အိတ် ၁၀၀/၁၅၀ ခန့် အရောင်းအဝယ် ဖြစ်နေသော်လည်း  ဈေးကျလာသည်ကို တွေ့ရှိရပါသည်။ ယခုဩဂုတ်လ ဒုတိယပတ်တွင် နှမ်းနီ(၃)တင်းတစ်အိတ်လျှင် ၁၉၅၀၀၀ကျပ်၊ နှမ်းနက် (၃)တင်းတစ်အိတ်လျှင် ၂၀၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း(၃)တင်း တစ်အိတ်လျှင် ၂၂၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

DOCA(ပဲခူး)