ထားဝယ်မြို့နယ်အတွင်း ဟင်းသီးဟင်းရွက်စျေးနှုန်းစျေးကွက်အခြေအနေ

Powered by Drupal

  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင်  ရာသီဥတုမျှတပြီး ရေထွက်ပစ္စည်း ပေါများ ပြီး ဟင်းသီးဟင်းရွက်များလည်း‌ပေါများသော မြို့နယ်ဖြစ်ပါသည်။ ယခုအခါ တောင်သူများသည် ဒေသ တွင်းလိုအပ်သော ဟင်းသီးဟင်းရွက်များကို မြို့နယ်အတွင်းရှိ အနီးနားပတ်ဝန်းကျင် ကျေးရွာများတွင် စိုက်ပျိုးလာကြပါသည်။ နွေရာသီတွင် မြေအောက်ရေများစုပ်ယူပြီး စိုက်ပျိုးကြသော်လည်း ဒေသတွင်း ဖြစ်ထွန်းနေသော  ကန်စွန်းရွက်၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပဲတောင့်ရှည်၊  တို့ကို စိုက်ပျိုး ရောင်းချနေကြောင်းသိရပါသည်။ ယခုရက်သတ္တပတ်အတွင်း  ကန်စွန်းရွက်(တစ်စည်း)လျှင် ၂၅၀/-ဂေါ်ဖီ ထုပ် (တစ်လုံး) လျှင် ၂၂၀၀/- ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) လျှင် ၃၅၀၀/- ကျပ်၊  ငရုပ်သီးစိမ်း (တစ်ဗူး) လျှင် ၁၀၀၀/- ကျပ်၊ ပဲတောင့်ရှည် (တစ်စည်း)လျှင် ၇၀၀/- ကျပ်ဈေးနှုန်းများဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိ ကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)