လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အေ-၉လမ်း (အမက)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်တာဝန်ခံ    ဦးမင်းဇော်လတ်သည် (၉.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အေ-၉လမ်း(အမက)ကျောင်းတွင် ကျောင်းသား/သူ ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်၏ တာဝန်များကို ဦးစွာရှင်းလင်းပြောကြားပြီး ကျောင်းသား/ကျောင်းသူများ သိရှိနားလည်စေရန်ရည်ရွယ်၍ စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ ဆိုးဆေးနှင့်ပတ်သက်၍ ကျောင်းသား/ ကျောင်းသူများ ရှောင်ကျဉ်၍ ဝယ်ယူစားသုံးနိုင်စေရေးအတွက် ဆိုးဆေးပါဝင်မှုများသော အစားအသောက်များ၏ ဘေးထွက်ဆိုးကျိုးများအကြောင်း အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့ နောက် စားသုံးသူကာကွယ်ရေး ၂၀၁၉ ပါ ပြဌာန်းချက်မှ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ထုတ်လုပ်သည့်ရက်စွဲနှင့် သက် တမ်းကုန်ဆုံးသည့်ရက်စွဲများ၊ ထုတ်လုပ်မှုအမှတ်စဉ် စသည်တို့ကို ကျောင်းသား/ကျောင်းသူများသိရှိ နားလည်စေရန် ဟောပြောဆွေးနွေးပြီး ကျောင်းမုန့်ဈေးတန်းသို့အဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ပါသည်။ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/သူ(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရိပါသည်။

DOCA(ဧရာဝတီ)