
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် “ခရိုင်ဆန်သိုလှောင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့”မှ အဖွဲ့ဝင်များဖြစ်သော ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀း၃၀ နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ ဆန်အရောင်း ဆိုင်များဖြစ်သော မြတ်နှင့် ကိုထွေး+မသင်းသင်းဆိုင်များသို့ ကွင်းဆင်း၍ ဈေးနှုန်းဈေးကွက် အခြေအနေများ၊ စီးဝင်/ စီးထွက်မှု အခြေအနေများ၊ သယ်ယူခနှုန်းထားများနှင့်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းအလို့ငှာသိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများ မပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ဆန်အိတ် (၁၀၀၀)နှင့် အထက် သိုလှောင်ထားရှိပါက သိုလှောင်ရုံ မှတ်ပုံတင် ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် ဇူလိုင်လအတွက် သင့်တင့်မျှတသော ဆန်ဈေးကွက် ဈေးနှုန်း ထုတ်ပြန်ချက်ကို အသိပညာပေး ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များဖြစ်သော မြတ်နှင့် ကိုထွေး+မသင်းသင်း ဆန်ဆိုင်များအနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံး ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့သို့ သွားရောက်ဝယ်ယူ၍ လည်းကောင်း၊ မိမိတို့ဆိုင်များသို့ အရောက်ပို့၍လည်းကောင်း ဝယ်ယူကြောင်း၊ ဝယ်ယူရာတွင် ရောင်းအားရှိသလောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူများ ကြိုက်နှစ်သက်စွာ ဝယ်ယူသုံးစွဲမှု အများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန်များကို အများဆုံး ရောင်းချသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ဆန်အမျိုးအစားအလိုက် (၂၄) ပြည်တစ်အိတ် ဈေးနှုန်းများမှာ ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် မြတ်နှင့် ကိုထွေး+မသင်းသင်း ဆိုင်များသည် ရွှေဘိုပေါ်ဆန်း ဟောင်း (၁၇၀၀၀၀)ကျပ်နှင့် သစ် (၁၆၅၀၀၀)ကျပ်၊ ဧရာမင်း ဟောင်း (၁၄၀၀၀၀)ကျပ်နှင့် သစ်(၁၁၅၀၀၀)ကျပ်၊ မနောသုခဟောင်း (၉၀၀၀၀)ကျပ် နှင့် သစ်(၈၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိကြောင်း သယ်ယူခနှုန်းထားများမှာ ရွှေဘိုမြို့မှ စစ်ကိုင်းမြို့သို့ ဆန် (၂၄)ပြည် တစ်အိတ်လျှင် (၃၀၀၀) ကျပ်မှ (၃၅၀၀) ကျပ်ရှိကြောင်း ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ လိုသလောက်သာ မှာယူရောင်းချသောကြောင့် ဆန်သိုလှောင်သော ဆန်ဂိုဒေါင်များမရှိပါကြောင်း၊ အရောင်းဆိုင်များတွင် ရောင်းအားရှိသလောက် ဝယ်ယူရောင်းချနေကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)