
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက် ကုန်စည်များ ရောင်းချပေးခြင်းကို (၂၃.၇.၂၀၂၅) နံနက် (၉း၀၀) နာရီက ကဒါရပ်ကွက် မင်္ဂလာစျေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်။ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် အခြေခံစားသောက် ကုန်စည်များဖြစ်သည့် စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းစျေး (၆၇၃၂) ကျပ်၊ ကြက်ဥ (၄)လုံး (၁၅၀၀) ကျပ် စသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူ အားပေးခဲ့ကြောင်း သိရပါသည်။
အဆိုပါစျေးရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဌဦးထင်လင်းအောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စျေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
DOCA (မွန်)