
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့၊ မွန်းလွဲ(၂း၀၀)အချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီး ဌာနမှ ဝန်ထမ်းများသည် မြိတ်မြို့၊ ခရူတောရပ်၊ အမှတ်(၆)၊အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများအား စားသုံးသူကာကွယ်ရေးအကြောင်း သိရှိနိုင်ရန်နှင့် အစားအသောက်ဘေးကင်းလုံခြုံစေရေးအတွက် အသိပညာပေးဟောပြောဆွေးနွေး ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အသိပညာပေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်ရည်မှန်းချက်များ နှင့် စားသုံးသူနစ်နာမှုမဖြစ်စေရန်အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူအခွင့် အရေးများနှင့် နစ်နာမှုရှိပါက တိုင်ကြားနိုင်မည့် နေရာများ၊ အစားအစာ မစားသုံးမီဆောင်ရက်ရ မည့်အချက်များနှင့် ကုန်အညွှန်းအမှတ်အသားပါရှိမှသာဝယ်ယူရန် ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။ အဆိုပါဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ ဦးရေ (၂၀၀)ခန့် တက် ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)