အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ သရက်သီးမှည့်ဈေးကျဆင်း

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် သရက်ပင်ကို သရက်ခြံအဖြစ် သီးသန့်စိုက်ပျိုးကြသလို အိမ်ခြံဝိုင်းများတွင်လည်း တနိုင်တပိုင် စိုက်ပျိုးကြကြောင်းသိရသည်။ ဇေယျာသီရိဈေး၌ မြို့ပေါ်ရပ်ကွက်နှင့် မြို့ပတ်ဝန်းကျင်ရှိ မလွန်၊ ရွာတော်၊ ပန်းတော်ပြင်၊ ဥယျာဉ် စသည့်ကျေးရွာများမှထွက်ရှိသည့် မန္တလေးရင်ကွဲ၊ ရွှေလက်ရုံး စသည့် သရက်သီးမှည့်များ ဇွန်လ(ဒုတိယပတ်)မှစတင်၍ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။

  ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် မန္တလေးရင်ကွဲသရက်သီး အလုံး(အကြီး၊ အသေး၊ အလိုက်) (၁၀)လုံးလျှင် ကျပ်(၁၀၀၀-၂၀၀၀)၊ ရွှေလက်ရုံးသရက်သီး(၁၀)လုံးလျှင် ကျပ်(၁၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လ(ဒုတိယပတ်)တွင် မန္တလေးရင်ကွဲသရက်သီး(၁၀)လုံး လျှင် ကျပ်(၁၅၀၀-၂၅၀၀)၊ ရွှေလက်ရုံးသရက်သီး(၁၀)လုံးလျှင် ကျပ်(၁၅၀၀)ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် မန္တလေးရင်ကွဲသရက်သီး ကျပ်(၅၀၀)၊ ရွှေလက်ရုံး သရက်သီး ကျပ်(၅၀၀)ဈေးကျဆင်းလာကြောင်း သိရသည်။ ယခုအချိန်တွင် စိန်တလုံးသရက်သီး မှည့်များ ရှားပါးလာချိန်ဖြစ်သည့်အတွက် ဇေယျာသီရိဈေး၌ မန္တလေးရင်ကွဲ၊ ရွှေလက်ရုံးသရက်သီး မှည့်များ အရောင်းအဝယ်သွက်လျက်ရှိသည့်အပြင် ဒေသတွင်းသရက်ပင်များမှလှိုင်လှိုင်ထွက်ရှိချိန် ဖြစ်၍ ဈေးနှုန်းမှာကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)