
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ သဖန်းဆိတ်ဆည်မှ ထွက်ရှိသည့် ရေချို ပုဇွန်ဆိတ် ဈေးနှုန်းသည်လည်း ဈေးကောင်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ် ၊ ယခု ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော ပုဇွန်ဆိတ် ဈေးနှုန်းအနေဖြင့် ပုဇွန်ဆိတ် ဆကာတင် အကောင်ကြီး တစ်ပိဿာလျှင် လက္ကားဈေး (၂၀၀၀၀)ကျပ်၊ လက်လီဈေး တစ်ပိဿာ(၂၃၀၀၀)ကျပ်နှင့် ပုဇွန်ဆိတ် အလတ်စ လက္ကား တစ်ပိဿာ(၁၅၀၀၀)ကျပ်၊ လက်လီဈေး(၁၈၀၀၀)ကျပ်နှင့် ပုဇွန်ဆိတ် ဆကာကျ အကောင်သေး လက္ကား တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်ဈေးနှုန်း အသီးသီးတို့ဖြင့် ရောင်းချလျက်ရှိ ကြောင်းနှင့် ကျွန်းလှမြို့ သဖန်းဆိပ်ဆည်မှ ထွက်ရှိသည့် ရေချိုပုဇွန်ဆိတ်သည် အကောင်သေးပြီး အရမ်းချိုကာ အသားကျစ်လစ်သည့်အတွက် လူကြိုက်များပြီး အရောင်းသွက်ကာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)