ဇူလိုင်လ တတိယပတ်တွင် ရောင်းချနေသော ခရမ်းသီးနှင့် ခရမ်းကျွပ်သီး ဈေးနှုန်းများ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက်ဒေသများဖြစ်သော ကျွဲရဲ၊ မအူ၊ ဘုမ္မနိုး၊ ညောင်ဖြူပင်၊ အမြင့်ကျေးရွာများမှ သီးနှံစိုက်တောင်သူများသည် စားဖိုဆောင် သီးနှံဖြစ်သည့် ခရမ်းပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပါသည်။  ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယ ပတ်၌ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်း အိမ်ရာရှိ နန္ဒဝန် ဈေးသစ်တို့တွင် ရောင်းချနေသော ခရမ်းသီးဈေးနှုန်းများအနေဖြင့် (၂၀) ကျပ်သားလျှင် ( ၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ ( ၁ )ပိဿာလျှင် (၂၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ခရမ်းသီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိသောကြောင့် ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကျဆင်းလာကြောင်း၊ ခရမ်းကျွပ်သီး( ၁၀) ကျပ်သားလျှင် ( ၆၀၀)ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)