ပခုက္ကူမြို့နယ်၌ ပဲတီစိမ်းများအရောင်းအဝယ်ဖြစ်

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို အဓိကထား၍ နှစ်စဉ်စိုက်ပျိုးပြီး တစ်နှစ်လျှင် မိုးနှင့်ဆောင်းနှစ်ရာသီစိုက်ပျိုးကြပြီး ယခုနှစ်တွင် (နွေ)ပဲတီစိမ်းစိုက်ဧက(၂၀၀၀၀)ခန့် စိုက်ပျိုး ထား ရှိကြောင်း သိရှိရသည်။ (နွေ)ပဲတီစိမ်းကို ဖေဖော်ဝါရီလကုန် မတ်လဆန်းတွင် စတင်စိုက်ပျိုးပြီး ဇွန်လဆန်းတွင် လှိုင်လှိုင်ထွက်ပေါ်ကြောင်း၊ မျိုးအနေဖြင့် ပဲတီစိမ်း မြကြေးမှုံနှင့် ကျောက်စိမ်းမျိုး ကို စိုက်ပျိုးကြပြီး ယခုနှစ်တွင် ပဲတီစိမ်း(ကျောက်စိမ်း)လုံးကြီးမျိုးကို အများဆုံးစိုက်ပျိုးကြောင်း သိရှိရသည်။ ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စ ၂၀၂၅ခုနှစ်၊ ဇွန်လဆန်းတွင် ပဲတီစိမ်းတစ်တင်း ကျပ် (၁၃၅၀၀၀-၁၃၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇွန်လ(စတုတ္ထပတ်)တွင် ပဲတီစိမ်း တစ်တင်း လျှင် ကျပ်(၁၂၀၀၀၀-၁၁၅၀၀၀)ဖြင့် ဈေးကျ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုဇူလိုင်လ (တတိယပတ်)တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ်(၁၃၅၀၀၀-၁၃၀၀၀၀)ဈေးပြန်လည်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်ပဲတစ်မျိုးဖြစ်၍ ဈေးကွက်အပေါ်မူတည်ပြီး ဈေးနှုန်း အတက်အကျရှိကြောင်း၊ ယခုမိုးရာသီရောက်ရှိ၍ ကုန်းယာမြေများတွင် “မိုး”ပဲတီစိမ်းသီးနှံများ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
  ဈေးကွက်အနေဖြင့် ပခုက္ကူမြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ပြည်ပဈေးကွက်အနေဖြင့် ရန်ကုန်မြို့မှတစ်ဆင့် တရုတ်၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့ရောင်းချကြောင်း၊ အထွက်နှုန်းမှာ ယခုနှစ်တွင် သီးနှံစိုက်ပျိုးချိန် ဖျက်ပိုးကျရောက်မှုကင်း၍ ယခင်နှစ်ထက် ပိုမိုကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် ထိုက်သင့်သောအကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။

DOCA(မကွေး)