
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ် များတွင် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ကုန်စိမ်းသီးနှံမျိုးစုံနှင့် သစ်သီးဝလံများကို နှစ်စဉ်စိုက်ပျိုးလျက် ရှိသည်။ သီးနှံမျိုးစုံအနက် မတ်ပဲသီးနှံကို စိုက်ပျိုးရာတွင် စိုက်ဧက(၃၀၀၀)ခန့်စိုက်ပျိုးပြီး ရေစကြို မြို့နယ်တွင် အဓိကစိုက်ပျိုးပြီး ပခုက္ကူဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်သည့်အပြင် အခြား မြို့နယ်များမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။
မတ်ပဲဈေးနှုန်းမှာ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ဈေးကျပြီး အရောင်းအဝယ် ဖြစ်ကြောင်း၊ မတ်ပဲတစ်တင်းလျှင် သီးနှံအရည်အသွေးလိုက်၍ ကျပ်(၈၅၀၀၀ မှ ၇၀၀၀၀)ဈေးရှိပြီး ယခင်ဇွန်လ(စတုတ္ထပတ်)တွင် ကျပ်(၉၀၀၀၀-၈၈၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ် ပါက မတ်ပဲတစ်တင်းလျှင် ကျပ်(၅၀၀၀)ခန့် ဈေးလျော့နည်းလာကြောင်း၊ ဒေသတွင်းပဲလက်ကျန်နှင့် အရောင်းအဝယ်ဖြစ်မှုပေါ်မူတည်ပြီး ဈေးနှုန်းအတက်အကျရှိကြောင်း၊ မတ်ပဲသီးနှံသည် ပြည်တွင်း စားသုံးမှုနည်းသော်လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအားကောင်းသော သီးနှံတစ်မျိုးဖြစ်၍ ဈေးကွက် ခိုင်မာမှုရှိကြောင်း ပဲဈေးကွက်မှ သိရှိရသည်။
DOCA(မကွေး)