ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်သွန်နီ နှင့်ကြက်သွန်ဖြူများကို မိမိတို့ဒေသထွက် အနည်းငယ်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တို့မှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် ကြက်သွန်ဖြူဈေးနှုန်း အနေဖြင့် ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ ဗမာကြက်သွန်ဖြူ အလတ်စ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ လျှင်(၁၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်)(၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း ကြက်သွန်နီ မြစ်သား အမျိုးအစား တစ်ပိဿာ လျှင်(၂၀၀၀)ကျပ်နှင့် ကြက်သွန်နီ ရိုးရိုး အမျိုးအစား တစ်ပိဿာလျှင်(၁၅၀၀/၁၈၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။
DOCA(စစ်ကိုင်း)