
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တောင်သူများသည် ဒေသထွက်ကုန်နှင့် စားဖိုဆောင်သီးနှံများကို စီးပွားဖြစ်အနေဖြင့်သော်လည်းကောင်း တစ်ပိုင် တစ်နိုင်အနေဖြင့် လည်းကောင်း၊ စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိသော ခရမ်းကြွပ်သီးများကိုလည်း မုံရွာမြို့၊ ဈေးဟောင်းတွင်လာရောက်ရောင်းချပါကြောင်း၊ ခရမ်းကျွတ်သီးများကို (၁၂)လ ရာသီပတ်လုံး စိုက်ပျိုးပြီး ခူးစွတ်နိုင်ကြောင်းလည်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်အတွင်း ခရမ်းကြွပ်သီး(၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ရောင်းချလျက်ရှိပြီး ဇူလိုင်လ တတိယပတ်တွင် ခရမ်းကြွပ်သီး(၁)ပိဿာလျှင် (၂၈၀၀) ကျပ်ဖြင့် ရောင်းလျလျက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းသွားပြီး ခရမ်းကြွပ်သီးကို ထမင်းဝိုင်းတွင် ငပိရည်နှင့် တွဲဖက်၍ တို့စာရာအဖြစ် စားသုံးပါကြောင်း၊ ထမင်းဆိုင်များမှ နေ့စဉ်ဝယ်ယူသဖြင့် အရောင်းအဝယ်သွက်လျက်ရှိပါကြောင်းကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။
Doca(စစ်ကိုင်း)