
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ်လုပ်လျက် ရှိပါသည်။ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များသာမက ရေနံ ချောင်း၊ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေမှလွဲ၍ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီဈေးကွက်အနေဖြင် ယခုတစ်ပတ်တွင် ဈေးအနည်း ငယ်တက်နေ၍တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၃၀၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ကြက်သွန် နီဝင်ရောက်မှုမှာ ယခင်လများထက်နည်းနေကြောင်း သိရှိရသည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ကြက်သွန်နီကုန်စည်ဒိုင်တွင် အရောင်းအဝယ် ဖြစ်နေသော ဈေးနှုန်းမှာ တစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၂၀၀)၊ အလတ် ကျပ်(၉၀၀)၊ အနိမ့်စ ကျပ်(၇၀၀)ဖြစ်ပြီး (ပထမပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၁၀၀)ခန့် ဈေးတက် ၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီမြို့ များသို့နေစဉ် တင်ပို့နေပြီး ပိဿာချိန်(၃၀)ဝင်အိတ် (၁၀၀၀ မှ ၂၀၀၀ ထိ)တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရသည်။
ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီလက်လီ ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၆၀၀)မှ အနိမ့်ဈေး ကျပ်(၁၀၀၀)ထိ အရောင်းအဝယ် လျက်ရှိကြောင်း သိရှိရသည်။
DOCA(မကွေး)