မုံရွာမြို့၊ သံလမ်းဈေးရှိ ခဝဲသီးဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူဦးကြီးများသည့် မိသားစုစားဝတ်နေရေး အတွက် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိပြီး ယခုအခါ မိသားစု  အပိုဝင်ငွေ ရရှိစေရန် ခဝဲသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးထွက်ရှိသော သီးနှံများကို မုံရွာမြို့ပေါ်ရှိ ဈေးများသို့ ကိုယ်တိုင်လာရောက်ရောင်းချခြင်း၊ ဖောက်သည်သွင်းခြင်းများ ဖြင့်လည်း  ရောင်းချကြပါသည်။ ဇူလိုင်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော ခဝဲသီးဈေးနှုန်း များမှာ လက်ကား တစ်ပိဿာလျှင်(၂၅၀၀/-)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၇၀၀/-) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါကြောင်း သိရှိရပြီး ခဝဲသီးဟင်းချိုအဖြစ်လည်းချက်စား၍ ရသလို ကြက်ဥနှင့် ကြော်စားပါကအလွန်အရသာရှိသော ဟင်းတစ်ခွက်ဖြစ်ပြီး ခံတွင်း မြိန်စေသော ဟင်းလျာတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

Doca(စစ်ကိုင်း)