၂၀၂၅ ခုနှစ်၊ ပထမ နှစ်ဝက်တွင် ကမ္ဘောဒီးယားနိုင်ငံနှင့်အမေရိကန်နိုင်ငံတို့၏ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံကျော်ရှိခဲ့

Powered by Drupal

  အမေရိကန်သို့ ကမ္ဘောဒီးယား၏ ပို့ကုန်သည် ၂၀၂၅ ခုနှစ် ပထမခြောက်လတွင် ကန်ဒေါ်လာ ၅.၅ ဘီလီယံ ကျော်လွန်ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း တိုးလာကြောင်း အကောက်ခွန်နှင့် စည်းကြပ်မှုဦးစီးဌာန (GDCE) မှထုတ်ပြန်ထား သည်။ GDCE ၏ အစီရင်ခံစာတွင် အမေရိကန်နိုင်ငံသည် ဇန်နဝါရီမှဇွန်လအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံးပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း ဖော်ပြထားခဲ့သည်။ ကမ္ဘောဒီးယားနှင့် အမေရိကန် နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ပထမ ခြောက်လ ကာလအတွင်း ကန်ဒေါ်လာ ၅.၆၉ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၅.၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ကမ္ဘောဒီးယား ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၅.၅၂ ဘီလီယံရှိပြီး ၂၀၂၃ ခုနှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၅.၆ ရာခိုင်နှုန်း မြင့်တက် လာခဲ့ သည်။ အမေရိကန်မှ သွင်းကုန်စုစုပေါင်းသည် ကန်ဒေါ်လာ ၁၆၄.၉ သန်းရှိပြီး တစ်နှစ်ထက် တစ်နှစ် ၂၉ ရာခိုင်နှုန်း တိုးလာသည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယား နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် အမေရိကန်သို့ တင်ပို့ရောင်းချမှု သိသိသာသာ တိုးတက်လာခြင်းသည် ကမ္ဘောဒီးယားအစိုးရ၏ စီးပွားရေးအမြင်နှင့် မဟာဗျူဟာမူဝါဒ အကောင်အထည်ဖော်မှု၏ အောင်မြင်မှုကို သက်သေပြနေကြောင်း ကမ္ဘောဒီးယား စီးပွားရေး ပညာရှင် Darin Duch က ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)