ဂွေးချိုသီးဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်နေသူများသည် နှစ်ရှည်သီးနှံပင်များနှင့် ရာသီပေါ်သီးနှံများအကြားတွင် သီးညှပ်ပင်အဖြစ် ဂွေးချိုသီးပင်များ စိုက်ပျိုးလျက်ရှိကြပါသည်။  စိုက်ပျိုးရရှိသော ဂွေးချိုသီးများကို မုံရွာမြို့ပေါ်ရှိ မန်ကျဉ်းပင် ဈေးတွင် လာရောက်ရောင်းချကြကြောင်း သိရှိပါသည်။ ဂွေးချိုသီးပင်များသည် ရေခံ၊ မြေခံ ကောင်းသော နေရာများတွင်သာ စိုက်ပျိုးဖြစ်ထွန်းကြပါသည်။  ဂွေးချိုသီးပင်သည် ရာသီ မရွေးအသီးသီးသော အပင်တစ်မျိုးဖြစ်ပါသည်။၊ ဂွေးချိုသီးပင်စိုက်ပျိုးရာတွင် မြေသြဇာပေး၍ စနစ်တကျပျိုး ထောင်ရခြင်း၊ ရေကိုလုံလောက်စွာပေး၍ စိုက်ပျိုးရကြောင်း သိရှိရပါသည်။

          စိုက်ပျိုးရရှိသော ဂွေးချိုသီးများကို မုံရွာမြို့ပေါ်ရှိ မန်ကျဉ်းပင်ဈေးတွင် လာရောက် ရောင်းချ လျက်ရှိပြီး ဂွေးချိုသီး တစ်လုံးလျှင် အလုံးအရွယ်အစားပေါ်မူတည်ပြီး ၅၀ ကျပ်မှ ၁၀၀ ကျပ် အထိ ရောင်းလျလျက်ရှိရာ မိသားစုဝမ်းစာဖူလုံရေး အတွက်တစ်ဖက်တစ်လမ်းမှ အပို ဝင်ငွေရရှိကြောင်း သိရသည်။

Doca(စစ်ကိုင်း)