နိုင်ငံတော်၏ အထည်ချုပ် ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်းများ တင်ပို့မှု ၂၂ ရာခိုင်နှုန်း တိုးလာ

Powered by Drupal

 ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်းများ(GFT) တင်ပို့မှုမှ ကန်ဒေါ်လာ ၇.၃၈ ဘီလီယံဖိုး တင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူကာလတွင် ရရှိခဲ့သာအမေရိကန်ဒေါ်လာ ၆.၀၂ ဘီလီယံထက် ၂၂ ရာခိုင်နှုန်း တိုးလာသည်ဟု ကမ္ဘောဒီးယား အကောက်ခွန်နှင့်ကုန်စည်စီးဆင်းမှုဦးစီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထား သည်။ အထည်ချုပ်ထုတ်ကုန်များတင်ပို့မှုသည် ဇန်နဝါရီမှ ဇွန်လအတွင်း ကန်ဒေါ်လာ ၅,၂၈၃ သန်းရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂၂ ရာခိုင်နှုန်း တိုးလာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထား သည်။ ဖိနပ်များတင်ပို့မှုသည် ယခင်နှစ်ကထက် ၃၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး  ကန်ဒေါ်လာ ၁,၀၃၀ သန်းရရှိခဲ့သည်။ ခရီးသွားကုန်ပစ္စည်းများ တင်ပို့မှုမှ ကန်ဒေါ်လာ ၁,၀၆၈ သန်းရရှိခဲ့ပြီး နိုင်ငံတော်၏ GFT ထုတ်ကုန်များအတွက် အဓိက စျေးကွက်  များမှာ အမေရိကန်၊ အီးယူ၊ ကနေဒါနှင့် ဂျပန်တို့ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားခဲ့သည်။ လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံသည် GTF ကုန်ပစ္စည်းများ၊ ဆိုလာပြားများ၊ ပရိဘောဂများနှင့် စက်ဘီးများကို အနှစ်သက်ဆုံးနိုင်ငံများ၏ ကုန်သွယ်မှုဦးစားပေးအစီအစဉ်များအရ အမေရိကန်နိုင်ငံသို့အဓိကထားတင်ပို့လျက်ရှိသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နိုင်ငံခြားရေး၀န်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ယင်းတိုးတက်မှုသည် ကမ္ဘာ့အ၀တ်အထည်နှင့် အထည်အလိပ်များ ၀ယ်လိုအား မြင့်တက်လာခြင်းကြောင့်ဟု ယူဆကြောင်း သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ မကြာသေးမီက အကောက်ခွန်ကြေငြာပြီးနောက်တွင် အဆိုပါကဏ္ဍသည် မသေချာမရေရာမှုများနှင့် ရင်ဆိုင်နေရကြောင်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ Lim Heng က ပို့ကုန်လုပ်ငန်းရှင်များကို အလွန်အကျွံစိတ်မပူရန် တိုက်တွန်းခဲ့ပြီး “အမေရိကန်က ကမ္ဘောဒီးယား ကုန်ပစ္စည်းတွေအပေါ် အခွန် ၃၆ ရာခိုင်နှုန်း စည်းကြပ်ထားပေမယ့် ကမ္ဘောဒီးယားရဲ့ ဒေသတွင်း ပြိုင်ဘက်တချို့လည်း အလားတူ အခွန်စည်းကြပ်မှုတွေ ရင်ဆိုင်နေရပါတယ်”ဟု ဆက်လက်ပြောကြားခဲ့သည်။ GFT လုပ်ငန်းသည် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေအများဆုံးရရှိနေပြီး အဆိုပါကဏ္ဍတွင် စက်ရုံပေါင်း ၁,၆၀၈ ခန့်ရှိပြီး အလုပ်သမား ၉၁၃,၀၀၀ ခန့်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသည် GFT ထုတ်ကုန်များ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃.၉၂ ဘီလီယံ ရရှိ ခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၂၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာအရ သိရသည်။

DOCA(ရန်ကုန်)