
မုံရွာမြို့၊ ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် မိမိတို့အိမ်ခြံမြေများနှင့် လယ်ယာမြေများ တွင် ဆူးပုတ်ပင်များကို မီးဖိုချောင်စရိတ်သက်သာစေရန် စိုက်ပျိုးလေ့ရှိကြပြီး၊ စီးပွားဖြစ် စိုက်ပျိုးမှုများလည်း ရှိကြပါသည်။ ဆူးပုတ်ရွက်သည် ရာသီမရွေးပေါ်ထွက်သော သီးနှံတစ်မျိုး လည်းဖြစ်ပါသည်။ စိုက်ပျိုးရရှိသော ဆူးပုတ်ကြီးရွက်များကို မုံရွာမြို့၊ သာစည်ဈေးတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။ ဆူးပုတ်ကြီးရွက်ဈေးနှုန်းများမှာ ဇူလိုင်လ တတိယပတ်တွင် ဆူးပုတ်ကြီး(၁) စည်းလျှင် (၃၅၀) ကျပ်မှ (၄၀၀)ကျပ်နှုန်းဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။
Doca(စစ်ကိုင်း)