ဇူလိုင်လအတွင်း ဟင်္သာတကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဟင်္သာတကုန်စည်ဒိုင်တွင် ၂၀၂၄၂၀၂၅ခုနှစ်ထွက်  ပဲမျိုးစုံနှင့် အစေ့ထုတ်ပြောင်းသီးနှံများအနက် မတ်ပဲ ၊ ပဲယင်းနီ ၊ အစေ့ထုတ်ပြောင်းသီးနှံနှင့် ပဲကြီးသီးနှံများသာ အရောင်းအဝယ်ပြုလုပ်ကြပြီး ကျန်သီးနှံများဖြစ်သည့် ပဲလွန်းဖြူ ၊ ပဲလွန်းနီ ၊  ပဲတီစိမ်းဆီပြောင် ၊ ပဲပုတ် ၊ ဘိုကိတ် နှင့် ပဲတီစိမ်းအနီ သီးနှံများမှာ အရောင်းအဝယ်အေးပြီး ပစ္စည်း လက်ကျန်နည်းပါးလာကြောင်းသိရှိရပါသည်။ ယခုတစ်ပတ် မတ်ပဲဈေးမှာ ပိဿာ(၂၀) တစ်တင်းကို ( ၉၆၀၀ဝိ/-)၊ပဲယင်းနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၈၄၀၀ဝိ/-)၊ ပဲကြီးပိဿာ (၂၀)တစ်တင်းကို (၉၂၀၀ဝိ/-)နှင့် အစေ့ထုတ်ပြောင်း ပိဿာ(၂၀)တစ်တင်းကို (၃၂၀၀ဝိ/-)ဈေးဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်းသိရှိရပါသည်။

          ယခင်အပတ်နှင့် ကာလတူနှိုင်းယှဉ်ပါက ပဲယင်းသီးနှံဈေးနှင့် ပဲကြီးသီးနှံဈေးသာတစ်တင်း ကို (၅၀ဝိ/မှ၁၀၀ဝိ/) ကျပ်ထိဈေးအနည်းငယ်မြင့်လာပြီး မတ်ပဲနှင့်အစေ့ထုတ်ပြောင်းသီးနှံဈေးမှာ တစ်တင်းကို (၅၀ဝိ/မှ၁၀၀ဝိ/) ကျပ်ထိ ဈေးကျဆင်းလာကြောင်း သိရှိရပါသည်။ မတ်ပဲသီးနှံမှာ တစ်ရက်လျှင် (၁၅၀၀အိတ်မှ၂၀၀၀အိတ်)ထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ အစေ့ ထုတ်ပြောင်းသီးနှံမှာ တစ်ရက်လျှင် (၂၀၀၀အိတ်မှ ၂၅၀၀အိတ်)ထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ရန်ကုန်သို့ တင်ပို့နေသော မတ်ပဲအိတ်ရေမှာ တစ်ပတ်အတွင်းပျမ်းမျှအိတ်ရေ (၁၂၀၀၀)ခန့် တင်ပို့နိုင်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)