
မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် မြို့မနေခြည်ဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသော အိမ်သုံးဆေးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင် ခရိုင်၊ မြန်အောင်မြို့နယ်မှ စစ်ဆေးရေးအရာရှိ ဦးမြင့်အောင်နှင့်ဝန်ထမ်းများသည် ဆက်စပ်ဌာန ဆိုင်ရာများနှင့်ပူးပေါင်း၍ မြို့မနေခြည်ဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ ရောင်းချဖြန့်ဖြူးလျက်ရှိသည့် အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရော်ငးချခြင်းရှိ/မရှိနှင့် ညွှန် ကြားချက်အမှတ် ၂/၂၀၁၉ အားလိုက်နာဆောင်ရွက်မှုရှိ/မရှိ သက်ဆိုင်ရာဌာနထောက်ခံချက်များ ပါဝင်မှုရှိ/မရှိတို့အားဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုရှိကြောင်းတွေ့ရှိရပြီး လိုက်နာဆောင်ရွက်မှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)