
ကမ္ဘောဒီးယားနှင့် တရုတ်နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်၊ ပထမခြောက်လ အတွင်း ကန်ဒေါ်လာ ၉.၂ ဘီလီယံကျော် မြင့်တက်လာခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း အကောက်ခွန်နှင့် ယစ်မျိုးဌာန (GDCE) မှ ထုတ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ကန်ဒေါ်လာ ၉.၂၇ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အလားတူကာလတွင် ကန်ဒေါ်လာ ၇.၃၁ ဘီလီယံမှ သိသိသာသာ တိုးလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသို့ကမ္ဘောဒီးယားနိုင်ငံ၏ တင်ပို့မှုမှာအနည်းငယ် ကျဆင်းခဲ့ပြီး စုစုပေါင်း ကန်ဒေါ်လာ ၇၅၀.၆၁ သန်းသို့ တစ်နှစ်လျှင် ၇.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ သည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ ထိပ်တန်းကုန်သွယ်ဖက်အဖြစ် ဆက်လက်တည်ရှိပြီး စက်ပစ္စည်းများ၊ လျပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် ပြည်တွင်းကုန် ထုတ်လုပ်မှုအတွက် ကုန်ကြမ်းသွင်းအားစုများ အပါအဝင် ကုန်ပစ္စည်းမျိုးစုံကို တင်သွင်းလျက်ရှိ သည်။ တာဝန်ရှိသူများက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်အသက်ဝင်ခဲ့သော ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (CCFTA) သည် ရာနှင့် ချီသော ကုန်ပစ္စည်းများအပေါ် အကောက်ခွန်လျှော့ချခြင်းနှင့် ဦးစားပေးဆက်ဆံခြင်းတို့ကို ပံ့ပိုးပေးခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ဆောင်မှုများကို အထောက်အကူ ဖြစ်စေခဲ့ကြောင်း ကမ္ဘောဒီးယား- တရုတ် ကုန်သည်များအသင်း(CCCA) ဒုတိယဥက္ကဋ္ဌ Vichet က ပြောကြားခဲ့ သည်။
DOCA(ရန်ကုန်)