
ညောင်တုန်းမြိုနယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်အား မြိုနယ်ရေနံနှင့်ရေနံထွက် ပစ္စည်းများ ထိမ်းသိမ်းကြီးကြပ်ရေးကော်မတီများနှင့်အတူ မြိုန့ယ်စားသုံးသူရေးရာဦးစီးဌာနတို့ (၁၅-၇-၂၀၂၅) ရက်နေ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပါသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ညောင်တုန်း စက်သုံးဆီဆိုင်များ၏ ဆီရောင်းချမှု ဆီကန်များကို စစ်ဆေးခြင်း၊ ဆီလက်ကျန်အခြေအနေနှင့်၊ တစ်နေ့ ရောင်းချရမှုအခြေအနေများ၊ ဆီအမျိုးအစားအလိုက် ဈေးနှုန်းအခြေအနေများ၊ ခွင့်ပြုထုတ်ပေးသည့် စက်သုံးဆီအမျိုးအစားနှင့် ပမာဏများအတိုင်း အရောင်းဆိုင်သို့အမှန်ရောက်ရှိခြင်း ရှိ/ မရှိ၊ သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှု ရှိ/ မရှိ၊ ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျရောင်းချခြင်း ရှိ/ မရှိ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးကိစ္စရပ်များ ကြိုတင်ဆောင်ရွက်ထားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပြီး အလားတူရှောင်တခင် စစ်ဆေးမှုမျိုးကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့် မကိုက်ညီပါက ဥပဒေများအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။
DOCA(ဧရာဝတီ)