
ကိုင်းပင်သည်မြက်မျိုးဖြစ်ပြီး အမြစ်မှအကိုင်းအခက်များထွက်ပါသည်။ ကိုင်းဥသည်မြစ်များ ကမ်းနားကကိုင်းပင်တွင်စွဲကပ်သောမှိုတစ်မျိုးဖြစ်ပြီး ကိုင်းပင်၏ဥမဟုတ်သလို ကားလမ်းဘေး ကိုင်းပင် တွင်မကပ်ပါ။ မြစ်များ၊ ကမ်းနားမှာပဲ ရသလို ရေတက်ရက်မှာလှေဖြင့် လိုက်ခွာ ရပြီး လိုသလောက်လည်းမရရှိတက်ပါ။ ကိုင်းဥသည်(၅)ရက်(သို့) ရက်သတ္တပတ်အထားခံပါသည်။ ကိုင်းဥကို ဝါဆို၊ ဝါခေါင်ရေဖောင်ဖောင်အချိန်တွင်ရရှိပြီးအာဟာရပြည့်ဝပါသည်။ ကိုင်းဥကိုကင်၍ သော်လည်းကောင်း ၊ကြော်၍သော်လည်းကောင်းစားသုံးကြပါသည်။ ယခုအပတ် ပြည်မြို့၏ စည်ပင်သာယာဈေးကြီးတွင် ရောင်းချသော ကိုင်းဥ ဈေးနှုန်း အနေဖြင့် နို့ဆီဘူးတစ်ဘူးလျှင် (၈၀၀၀)ကျပ်၊ (၉၀၀၀)ကျပ်များ ဖြင့်ရောင်းချနေကြ ကြောင်းသိရပါသည်။
DOCA(ပဲခူး)