ပြည်ဒေသထွက်ကြက်ဟင်းခါးသီး

Powered by Drupal

 ကြက်ဟင်းခါးသီးကို ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ကြက်ဟင်းခါးသီးပင်များကို မိုးဦးကျကာလဖြစ်သော မေလနှင့် ဇွန်လများတွင် စိုက်ပျိုးကြသလို ဆောင်းရာသီဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင့် စိုက်ပျိုးကြပါသည်။ စီးပွားဖြစ် စိုက်သော ကြက်ဟင်းခါးသီးများကို စိုက်ပျိုးထွက်ရှိမှုမှာ တစ်ဧကလျှင် အလုံးရေ (၃)သောင်းခန့် ရှိကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ထွက်ရှိလာသော ကြက်ဟင်း ခါးသီးများကို ပြည်မြို့အတွင်းရှိ ဈေးကွက်များတွင် လာရောက်ရောင်းချကြပါသည်။
   ဈေးကွက်အတွင်း လာရောက်ရောင်းချသော ကြက်ဟင်းခါးသီး ဈေးနှုန်းများအနေဖြင့် ကြက်ဟင်းခါးသီးအရှည်တစ်လုံးလျှင် (၂၅၀-၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)